အင်းစိန်မြို့နယ်၊ အ.ထ.က (၄)ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦး  တို့သည် ၇.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အင်းစိန်မြို့နယ်ရှိ အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒေါ်နီလာဦး ၊ ဒုဦး စီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်လာပုံ စားသုံးသူအခွင့်အရေးနှင့်တာဝန် များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ ကြည့်ရှုဝယ်ယူရမည့်အချက်အလက်များ ဖြစ်သည့် ကုန်စည်အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များကိုကြည့်ရှုပြီး ကုန်စည်များကို ရွေးချယ်ဝယ်ယူရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူများ ကုန်စည်ကိုဝယ်ယူပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာ ဦး စီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများ ဖြစ်သည့် Consumer Call Center 1535၊ DOCA Mobile App ဖြင့်လည်းကောင်း၊ CICC Nay Pyi Taw၊ Facebook Page Messenger သို့လည်းကောင်း၊ ခရိုင်ဦး စီးမှူးရုံးများရှိ CICC ရုံးများသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်ဖြစ်စေတိုင်ကြားနိုင် ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၇၈)ဦး  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)