
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှVirtualဖြင့် တက်ရောက် ခဲ့ပါသည်။
အစည်းအဝေး၌ ထားဝယ်အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်းရေးမှူးမှ ၁၁/၂၀၂၄-၂၀၂၅ အစည်းအဝေးဆုံးဖြတ်ချက် များအား အတည်ပြုချက်ရယူခြင်းနှင့် (၁၁/၂၀၂၄-၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြ ဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လည်(၁၂း၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)