ဟင်္သာတမြို့နယ် ၊ နိဗ္ဗာန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် စသည့် နေရာ များထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေသည် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဟင်္သာတ မြို့နယ်တာဝန်ခံ ဦးမိုးကျော် ခေါင်းဆောင် သော အဖွဲ့သည် (၃.၂.၂၀၂၅) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်း သား/ကျောင်းသူ ဦးရေ(၃၀၀) ခန့်အား စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြား နိုင်သည့် နည်း လမ်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြ ချက်များ နှင့် စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရား များကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)