ဇလွန်မြို့နယ်ကုန်စည်ဒိုင်အတွင်းရှိ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူ များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

(၄.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဇလွန်မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦး နှင့်  ခေါင်းဆောင်သောအဖွဲ့သည် ဇလွန်မြို့နယ်၊ လမ်းမ တော်ရပ်ကွက်၊ ဒူးယားလမ်းရှိ ဇလွန်ကုန်စည်ဒိုင်အတွင်း၌ ကုန်စည်ဒိုင်လုပ်ငန်းရှင်များ နှင့် စားသုံးသူပြည်သူ (၄၅)ဦးခန့်အား စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန် ဝတ္တရားများ၊ စားသုံးသူအခွင့်အရေးများ နှင့် စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ စားသုံးသူ တို့၏ တာဝန်နှင့်ဝတ္တရား၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ ပြဌာန်းချက်များ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနမှ ကြေညာထားသည့် အရေးကြီး ကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများ၊ အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင်ခြင်း နှင့် စားသုံးသူ ရေးရာဦးစီးဌာန တို့၏ ဆောင်ရွက်မှုများကိုလည်း အသိပညာပေး ဟောပြော ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)