အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊‌ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/မရှိကို (၄.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၂း၀၀) အချိန်တွင် မြတ်အွန်လိုင်းရှော့ လူသုံးကုန်ပစ္စည်းများရောင်းချရေးလုပ်ငန်း  အမှတ်(B/4)စည်ပင်အိမ်ရာ၊ ရာဇသင်္ဂဟလမ်း၊ ပုဗ္ဗသီရိ မြို့နယ်၊နေပြည်တော်သို့ သွားရောက်၍ စစ်‌ဆေးခဲ့ကြောင်းသိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါအခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပက်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)