စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk အသိပညာပေးဆွေးနွေးပွဲ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု- ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်သည်  (၇.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင် ဦးစီးမှူးရုံးဝန်ထမ်းများ၊ မြို့နယ်တာ ဝန်ခံများ၊ မြို့နယ်ရုံးဝန်ထမ်းများအား Online စနစ်ဖြင့်ဆောင်ရွက်သော Thursday Talk အသိပညာပေး ဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ သီးနှံများတွင် ကျရောက် တတ်သော အဏုဇီဝမှို(အာဖလာတော့ဆင်မှိုဆိပ်)ခေါင်းစဉ်ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ အဏုဇီဝမှို(အာဖလာတော့ဆင်မှိုဆိပ်)အများဆုံးပါဝင်နိုင်သော သီးနှံများ၊ အစိုဓါတ်ပါဝင်မှုများ၊ ထားသိုသိမ်းဆည်းမှု၊ အာဖလာတော့ဆင်မှိုကြောင့် ဖြစ်ပွားနိုင်သော ရောဂါများအကြောင်းကို Power Point ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခြင်းဖြင့် ဝန်ထမ်းများဗဟုသုတရစေခြင်း၊ ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးအထောက်အကူဖြစ်စေခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များတိုးတက်လာစေခြင်း၊ အသိပညာပေးဆွေးနွေးပွဲလုပ်ငန်းစဉ်များကို ချပြရှင်းလင်းဟောပြောနိုင်ရေးကိုရည်ရွယ်၍ ဆောင်ရွက် ခြင်း စသည့် အကျိုးကျေးဇူးများရရှိပြီး နေ့လည်(၁၅:၀၀)အချိန်တွင် အသိပညာပေးဟောပြောခြင်းကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)