![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_23.png?itok=k5hK8NFX)
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ရေနံ ထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေး အဖွဲ့များသည် ၇.၂.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်(၁၀)ဆိုင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်။
ထိုသို့ ရှောင်တခင်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် စစ်ဆေး ရေးအဖွဲ့မှ စက်သုံးဆီဆိုင်များတွင် ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏ များအတိုင်း အရောင်းဆိုင်သို့အမှန်ရောက်ရှိခြင်း ရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားခြင်း ရှိ/ မရှိ၊ ဆီအမျိုးအစားရောနှော ရောင်းချခြင်း ရှိ/မရှိ၊ ဆီအမျိုး အစားအရောင်ကို ကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပြီးအလားတူ ရှောင်တခင်စစ် ဆေးမှုများအား မကြာခဏ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
DOCA(ဧရာဝတီ)