
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ (၂၃.၁၂.၂၀၂၄)ရက်မှ (၅.၁.၂၀၂၅) ရက်အတွင် EcomReg Systemတွင် မှတ်ပုံတင်ထားသော လုပ်ငန်းရှင် (၂)ဦးရှိသဖြင့် ဓနုဖြူမြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊ မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုး ဦးစီးအရာရှိ က အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
မြေမြင်ကွင်းဆင်းစစ်ဆေးရာ ဦးဝင်းမင်းစိုး ဓနုဖြူမြို့နယ် စစ်ဆေးရေားအရာရှိက Su Hlaing Hine အလှကုန်နှင့် လူသုံးကုန်အမျိုးမျိုးလုပ်ငန်း (၇)ရပ်ကွက်၊ ခိုင်ဇင်မွန် အလှကုန်လုပ်ငန်း၊ ၁၄ရပ်ကွက် စသော လုပ်ငန်းများသို့ ဆက်သွယ်ဆောင်ရွက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းဆို်ငရာ လုပ်ငန်းစဉ်များအတိုင်း DOCA Appဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ မှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ၊ ရောင်းချသည် ကုန်စည်များ ဥပဒေတစ်ရပ်အရ တားမြစ်ထားသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး စစ်ဆေးရေးအရာရှိမှ စစ်ဆေးချက်များကို ဦးစီးဌာနသို့ ပြန်လည်တင်ပြပြီး၊ မှတ်ပုံတင်လှောက် ထားသော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁၊၁၃) မှ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျှဉ်း၍ အားမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်း၊ ဥပဒေအခန်း(၁၇)အရ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု နှင့် ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)