ကလောမြို့ပေါ်ရှိကုန်စုံဆိုင်များတွင်(အလှကုန်ပစ္စည်း)များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည်(၃. ၂. ၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကလောမြို့ပေါ်ရှိ ကုန်စုံဆိုင် များအား အလှကုန်ပစ္စည်းအမျိုးမျိုးကို အထူးပြု၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်/သုံးစွဲရန်မသင့်တားမြစ်ထားသောကုန်စည်များ၊သက်တမ်းလွန်ကုန်စည်များ ၊ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြခြင်းမရှိသောကုန်စည်များနှင့်တရားမဝင်တင်သွင်းလာသောကုန်စည် များရောင်းချမှုမရှိစေရေးနှင့်ဒေသတွင်းထုတ် ကုန်စည်လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီး ဌာနနှင့်ချိတ်ဆက်ပေးပါရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)