တနင်္သာရီတိုင်းဒေသကြီး၏ ကွမ်းသီးနှင့် သီဟိုဠ် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းခရိုင် (၄) ခုရှိရာ ခရိုင် (၄) ခုလုံး၏ တောင်စောင်းတစ်လျှောက်တွင် ကွမ်းသီးပင်နှင့် သီဟိုဠ်ပင်တို့ကို စီးပွားဖြစ်အများအပြား စိုက်ပျိုးလျက်ရှိပြီး ဒေသမှထွက်ရှိသော ကွမ်းသီးများမှာ ယခုနှစ်တွင် ကွမ်းသီးအမှည့်ထွက်ရှိမှု နည်း ပါးသဖြင့် စျေးနှုန်းများ တက်လျက်ရှိပြီး သီဟိုဠ်ဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း တည်ငြိမ်လျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ကွမ်းသီး၊ သီဟိုဠ်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

ကွမ်းသီး

          တနင်္သာရီတိုင်းဒေသကြီး၏ဒေသတွင်းထွက်ရှိသော ကွမ်းသီးခြောက်ဈေးနှုန်းများမှာ ကွမ်းသီး အခြောက်အခြမ်းတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ကွမ်းသီးအခြောက်အလုံးတစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်နှင့်တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ကွမ်းသီးအများစုကို မော်လမြိုင်၊ ရန်ကုန်၊ မုံရွာနှင့် ကလေးမြို့များသို့ အများဆုံးတင်ပို့ ရောင်းချလျက်ရှိပါသည်။

သီဟိုဠ်

          တနင်္သာရီတိုင်းဒေသကြီး၏ သီဟိုဠ်ဈေးနှုန်းအနေဖြင့် သီဟိုဠ်အခွံကြမ်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ရှိပြီး သီဟိုဠ်ပုံချောအသန့် တစ်ပိဿာလျှင်(၅၅၀၀၀)ကျပ်ရှိပြီး သီဟိုဠ်ပုံချောများအား မော်လမြိုင်၊ ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)