
မြန်မာနိုင်ငံတွင် ငရုတ်ကောင်းပင်အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းပြီး အများအပြား ထွက်ရှိ လျက်ရှိသောဒေသများတွင် တနင်္သာရီတိုင်းဒေသကြီးသည်လည်း အပါအဝင်ဖြစ်ပါသည်။ ငရုတ်ကောင်း သည် ဆေးဖက်ဝင်ပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအများအပြား ရရှိနိုင်စေနိုင်သကဲ့သို့ အများ အပြားသုံးစွဲမိလျှင် ရင်ပူစေနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ငရုတ် ကောင်းအား အနံ့/အရသာထူးကဲကောင်းမွန်စေရန် မြန်မာဟင်းလျာ များ၊ ရိုးရာအစားအစာများတွင် ထည့်သွင်းအသုံးပြုကြပြီး တရုတ်အစားအစာများ၊ အနောက်တိုင်း အစားအစာများတွင်ပါ အသုံးပြု ကြပါသည်။
ယခုအချိန်ကာလသည် ငရုတ်ကောင်းစျေးကွက်အခြေအနေမှာ ထွက်ရှိမှုနည်းပါးသည့် ကာလ ဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မစျေးကြီးအတွင်း နေလှန်း အခြောက်ခံပြီးသား ငရုတ်ကောင်းစေ့ (၁)ပိဿာလျှင် ကျပ်(၄၅၀၀၀/၅၀၀၀၀)ဝန်းကျင်ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)