![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_149.jpg?itok=x8XKSwZx)
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးအစားပေါင်းများစွာရှိသည့်အနက် နှမ်းသီးနှံသည် လည်း တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ နှမ်းကို ဟင်းများချက်ပြုတ်စားသောက်ရာတွင် လည်းကောင်း၊ သရေစာမုန့်များ၊ လက်ဖက်သုပ်များတွင် ထည့်သွင်း၍စားသုံးပါက အရသာထူးကဲကောင်းမွန်ကာ အနံ့အရသာနှင့်ပြည့်စုံစေပါသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ဟိန္ဒား၊ ရှင်မုတ္ထီးမြို့များတွင် နှမ်းနက်စိုက်ပျိူးမှများရှိသော်လည်း ထားဝယ်မြို့နှင့်ထားဝယ် အရှေ့တော ဒေသများတွင် နှမ်းနက်စိုက်ပျိုးမှုအနည်းငယ်သာရှိကြောင်း သိရှိရပါသည်။ ထားဝယ်မြို့ရှိ နှမ်းနက် စျေးနှုန်းများ အနေဖြင့် တစ်ပိဿာလျှင် (၁၇၀၀၀) ကျုပ်ခန့် စျေးရရှိနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)