![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_131.jpg?itok=6pfkhmiN)
ပြည်တွင်းဝန်ဆောင်မှုကဏ္ဍအတွက် ထုတ်လုပ်သူစျေးနှုန်း ပြောင်းလဲမှုများကိုတိုင်းတာ သည့် မလေးရှားနိုင်ငံ၏ ဝန်ဆောင်မှုထုတ်လုပ်သူစျေးနှုန်းအညွှန်းကိန်း (SPPI) သည် ၂၀၂၄ ခုနှစ် တွင် ၀.၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း တရားဝင်အချက်အလက်များက ကြာသပတေး နေ့တွင် ဖော်ပြခဲ့သည်။ အနုပညာ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေမှု အညွှန်းကိန်း (၆.၇ ရာခိုင်နှုန်း)၊ တည်းခိုနေထိုင်ရေး၊ အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုလုပ်ငန်းများ (၂.၆ ရာခိုင်နှုန်း) နှင့် ပညာရေး (၀.၈ ရာခိုင်နှုန်း) တိုးလာခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဌာန (DOSM) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုးလာမှုကို မှတ်တမ်းတင် ထားသည့် အခြားကဏ္ဍခွဲများတွင် ကျန်းမာရေးနှင့် အိမ်ခြံမြေညွှန်းကိန်းများ ပါ၀င်ပြီး ၀.၃ ရာခိုင်နှုန်း တက်လာကာ ပရော်ဖက်ရှင်နယ် အညွှန်းကိန်း ၀.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် သယ်ယူပို့ဆောင်ရေးအညွှန်းကိန်းသည် ၁.၄ ရာခိုင်နှုန်း ကျဆင်းသွား သော်လည်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးညွှန်းကိန်းမှာ ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။ ယမန်နှစ် စတုတ္ထသုံးလပတ်အတွက် SPPI သည် ဝန်ဆောင်မှုကဏ္ဍစျေးနှုန်းများ မြင့်တက်လာမှုကို ထင်ဟပ်စေကာ ၂၀၂၄ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၀.၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ယခင်သုံးလပတ်တွင် ၀.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
DOCA(ရန်ကုန်)