ဆီနီဂေါ၏ ရေနံစိမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်အတွက်စည်ပေါင်း ၃၀.၅၃ သန်းရှိမည်ဟု ခန့်မှန်းထားကြ

Powered by Drupal

          ဆီနီဂေါနိုင်ငံ၏စွမ်းအင်၊ ရေနံနှင့်သတ္တုတွင်း ဝန်ကြီးဌာနက Sangomar နယ်ပယ်မှရေနံ စိမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် စည်ပေါင်း ၃၀.၅၃ သန်း အထိရှိလာမည်ဟု မျှော်မှန်းထားကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့တွင်ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်တွင်ခန့်မှန်း ထားသောရေနံစိမ်းထုတ်လုပ်မှုမှာစည်ပေါင်း ၁၀၀၀၀၀ ထားရှိရန်ရည်မှန်းထားကြောင်းဝန်ကြီး ဌာနက  Sangomar field ၏ထုတ်လုပ်မှုအစီအရင်ခံစာတွင်ဖော်ပြထားသည်။ အစီအရင်ခံစာအရ ၂၀၂၅ ခုနှစ်ဇန်နဝါရီလတွင် Sangomar တွင်စုစုပေါင်းရေနံစိမ်းထုတ်လုပ်မှုသည် စည်ပေါင်း ၃.၁၁ သန်းရှိခဲ့သည်။ ထိုကာလအတောအတွင်း စုစုပေါင်းစည်ပေါင်း ၂.၈၉ သန်းတင်ပို့ခဲ့ပြီး နိုင်ငံတကာ စျေးကွက်တွင်ရောင်းချခဲ့ကြောင်း အစီအရင်ခံစာအရသိရသည်။ ကမ်းလွန်ပင်လယ်ပြင်ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်တည်ရှိသော Sangomar field သည်ပြီးခဲ့သောနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ရေနံထုတ်ယူမှုစတင်သော သြစတြေးလျကုမ္ပဏီ Woodside Energy မှလည်ပတ်လျှက်ရှိသည်။

DOCA(ရန်ကုန်)