ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် ၂၀၂၅ ခုနှစ်ဇန်နဝါရီတွင် အမေရိကန်‌‌ဒေါ်လာ ၃.၀၃ ဘီလီယံအထိရောက်ရှိခဲ့

Powered by Drupal

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမလတွင်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃.၀၃ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ၏ အထွေထွေစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

          ဇန်နဝါရီလတွင်စုစုပေါင်း ပို့ကုန်-သွင်းကုန် ပမာဏသည် ဒေါ်လာ ၆၃.၁၅ ဘီလီယံထိရှိလာ ခဲ့ပြီ တစ်နှစ်ထက်တစ်နှစ် ၃.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း စာရင်းအင်းရုံးမှ ၆.၂.၂၀၂၅ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

          စုစုပေါင်းပို့ကုန်တန်ဖိုးသည် ၂၀၂၄ ခုနှစ်ဇန်နဝါရီလကနှင့် နှိုင်းယှဥ်ပါက ၄.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီသွင်းကုန်တန်ဖိုးသည် ၂၀၂၄ ခုနှစ်ဇန်နဝါရီလကနှင့်နှိုင်းယှဥ်ပါက ၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

          အီလက်ထရွန်နစ်၊ ကွန်ပျူတာအစိတ်အပိုင်းများ၊ ဖုန်းများ၊ အထည်ချုပ်နှင့် အထည်လိပ်၊ ဖိနပ်နင့်သစ်များအပါအဝင်ပို့ကုန်ခုနှစ်ခုသည် ၂၀၂၅ ခုနှစ်ဇန်နဝါရီလတွင် ဝင်ငွေ‌ဒေါ်လာ ၁ ဘီလီယံကျော်ရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၆၇.၉ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

DOCA(ရန်ကုန်)