![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_26.png?itok=LyThqkQI)
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် (၇.၂.၂၀၂၅) ရက်နေ့ နေ့လည်(၁၄:၃၀) အချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဦးချမ်းငြိမ်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်အကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ ပါ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်း ဖြစ်ကြောင်း၊အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြ ထားပြီး၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုပြုလုပ်ရာတွင် လိမ်လည်မှုပုံစံ(၂)မျိုးရှိပြီး၊ စားသုံးသူများအနေဖြင့် ရွေးချယ် ဝယ်ယူတတ်စေရန် စိစစ်သင့်သည့် အချက်အလက်များအကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ ဆက်လက်၍ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် နစ်နာဆုံးရှုံး မှုများ ဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သည့် www.doca.gov.mm တွင် ဝင်ရောင်လေ့လာနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)