စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံသည်( ၆.၂.၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၄၅) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့မဈေးအတွင်းရှိ စားအုန်းဆီ ရောင်းချ နေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကို ဆောင် ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတမြို့ရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်း ရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူ များထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပြီး ဇလွန်မြို့မဈေးအတွင်းရှိ စားအုန်းဆီ အရောင်း ဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)