တနင်္သာရီတိုင်း(မြိတ်)မြို့သို့ ထွက်ခွာမည့် ဆန်တင်ရေယာဉ်အား စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ဆန်များကို မြိတ်ဆန်ကုန် သည် များအသင်းမှဝယ်ယူ၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ရှိဒေသခံပြည်သူများကို ဆေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ရောင်းချပေးလျက်ရှိပါသည်။ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဝယ်ယူ ထားသော ဆန်အိတ်(၉၅၀၀)အိတ်အား MV-မြမြမွန်ရေယာဉ်ဖြင့် တင်ပို့မည် ဖြစ်သော ကြောင့် အဆိုပါရေယာဉ်အား သက်ဆိုင်ရာ ခရိုင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဆန်စက်လုပ်ငန်းရှင်အသင်းအဖွဲ့ဝင်များ ၊ အခြားသောသက်ဆိုင်ရာဌာနများအပါအဝင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန တို့မှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)