![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_30.png?itok=PhYaAjL4)
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စွာ အာဟာရမှုန့်များအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရ မည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)