![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_30.png?itok=aNHoD2FI)
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိ သူများနှင့် ပူးပေါင်း၍ ၁၁.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ (၈)လမ်းမှ လင်းတာရာ စတိုး၊ ကျောင်းလမ်းမှ နန်းထိုက်အောင် စတိုး၊ ရေလဲလမ်းမပေါ်ရှိ တော်ဝင်သူစတိုး၊ မင်းလမ်းမ ရှိ အာဂျီးမားစတိုး၊ ရေလဲလမ်းရှိ GoodChoice စတိုး စသော မုန်မျိုးစုံနှင့် ကလေး အာဟာရ ဖြည့်စွက် စာအမျိုးမျိုး အရောင်းဆိုင် (၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စစ်ဆေးခဲ့သော အရောင်းဆိုင် (၅)ဆိုင်တွင် ဖြန့်ဖြူးရောင်းချနေသော ကလေးအာဟာရ ဖြည့်စွက် စာအမျိုးမျိုးနှင့် စပ်လျဉ်း၍ ကလေးဖြည့်စွက်အာဟာရ မှုန့်ဘူးများတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း စစ်ဆေး တွေ့ရှိ ရပါသည်။ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးနှင့် စစ်ဆေးရေးအဖွဲ့ဝင်တို့သည် ဆိုင်ပိုင်ရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ မြန်မာဘာသာ ဖြင့် ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်း အမှတ် အသား ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ ရောင်းချရန် နှင့် မှာယူရောင်းချသော ကလေး အဟာရဖြည့်စွပ်စာအမျိုးမျိုးသည် သက်ဆိုင်ရာထောက်ခံချက်များပါသော၊ ကုန်အညွှန်း အမှတ် အသား ပါဝင်သော တရားဝင်ခွင့်ပြုကုန်စည်များ ရောင်းချဖြန့်ဖြူးသူ ကုမ္ပဏီများ ထံမှသာ ဝယ်ယူရောင်း ချရန်ကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)