လေးမျက်နှာမြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊အမှတ်(၄)ရပ်ကွက်ရှိ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  စားသုံးကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှု များနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ မိဘပြည်သူများ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များ အကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း အသိပညာပေး ဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)