![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/4_132.jpg?itok=SebKQey9)
ပူးပြင်းခြောက်သွေ့သော ရာသီသို့ မကြာမီရောက်ရှိလာတော့မည်ဖြစ်သဖြင့် ဌာနပိုင် အဆောက်အဦးများ မီးဘေးလုံခြုံမှုရှိစေရန် အဆောက်အဦးဝန်းကျင်များ၌ မီးတားလမ်းများ၊ မီးဘေးနှင့်အရေးပေါ်ကြုံတွေ့လာပါက ဌာနရှိဝန်ထမ်းများအနေဖြင့် မီးငြိမ်းသတ်မှုများကို စနစ် တကျနှင့်နည်းလမ်းမှန်ကန်စွာ အချိန်မီ ငြိမ်းသတ်နိုင်ရေးနှင့် မီးသတ်ဆေးဗူးများအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး၊ မီးသတ်ဆေးဗူးများတွင် ဆေးရည်များရှိမရှိနှင့် ကောင်းစွာအသုံးပြုနိုင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားရန်နှင့် မီးလောင်မှုများဖြစ်ပွားပါက အချိန်မီ လျင်မြန်စွာမီးငြိမ်းသတ် နိုင်ရေးအတွက် လိုအပ်သည့် မီးချိပ်၊ မီးကတ်များ၊ ရေပုံးနှင့်သဲ စသည့်ပစ္စည်းများအား အရန်သင့် ထားရှိနိုင်စေရေးတို့အတွက် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
အရေးပေါ်မီးဘေးအန္တရာယ်များနှင့်တွေ့ကြုံလာပါက ထိရောက်စွာမီးငြိမ်းသတ်နိုင်ရန် အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများအား (၅.၂.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် မြင်းခြံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေး ကြိုတင် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ပါသည်။ မီးချိပ်၊ မီးကတ်များ၊ ရေပုံး၊ သဲများ ထားရှိရေး၊ ခြုံနွယ်ကိုင်းပင်မြက်ပင်များ နွေရာသီမရောက်မီ မီးတားလမ်းပြုလုပ်ထားရေး၊ အရေးပေါ် မီးသတ်ဆေးဘူးများ ထားရှိရေး၊ မီးသတ်ဆေးဘူး အသုံးပြုပုံကို စနစ်တကျသင်ကြားပြသခြင်း၊ မီးဘေးလုံခြုံရေးအတွက် မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြသမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဌာနပိုင်ရုံးနှင့်အဆောက်အဦးများရှိ ရေစင်များနှင့်ရေပြည့်တင်းနိုင်သော ရေကန်များတွင် အစဉ်အမြဲ ရေများဖြည့်ဆည်းထားရှိစေနိုင်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
DOCA(မန္တလေး)