ဆောင်းကြက်သွန်နီစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

          မြင်းခြံခရိုင်သည် မန္တလေးတိုင်းဒေကြီးတွင်ပါဝင်ပြီး မြို့နယ်(၃)ခုဖြင့် ဖွဲ့စည်းထားသော ခရိုင်မြို့ဖြစ်သည်။ မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိကာ ဆည်ရေသောက်ဧရိယာများတွင် စိုက်ပျိုးရေးလုပ်ငန်းများလည်း အသင့်အတင့်ဆောင်ရွက်လျက် ရှိသဖြင့် တောင်သူများအနေဖြင့် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံစသည်တို့ကို စိုက်ပျိုးလျက်ရှိပြီး ဆောင်းကြက်သွန်နီကိုလည်း အားထားစိုက်ပျိုးလျက်ရှိသည်။

          မြင်းခြံခရိုင်ချုပ်အနေဖြင့် ၂၀၂၄-၂၀၂၅ခုနှစ် ဆောင်းကြက်သွန်နီ လျာထားဧက (၂၀၁၉၈) ဧကတွင် ရာနှုန်းပြည့်စိုက်ပျိုးထားရှိပြီး ယခင်နှစ်စိုက်ဧကထက် (၅၂၄)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ မြို့နယ်များအနေဖြင့် စိုက်ပျိုးထားရှိမှုမှာ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၈၆၀၀)ဧက၊ တောင်သာ မြို့နယ်တွင် (၉၂၀၄)ဧကနှင့် နွားထိုးကြီးမြို့နယ်တွင် (၂၃၉၄)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

          ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့် ကြာမြင့်ပြီး ဆောင်းကြက်သွန်နီ(ခေါ်)နွေကြက်သွန်နီများသည် ဧပြီလနှင့်မေလများတွင် လှိုင်လှိုင် ထွက်ပေါ်လာကာ ဈေးကွက်ထဲ၌ တွင်တွင်ကျယ်ကျယ်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ မြင်းခြံ ဒေသမှ ထွက်ရှိသော ဆောင်းကြက်သွန်နီသည် အခွံပါးကာ အရောင်အသွေးလှပခြင်း၊ လုံးဝိုင်းသည့် သဏ္ဍာန်ရှိခြင်းတို့ကြောင့် ပထမတန်းစားကြက်သွန်နီဖြစ်ပြီး ဈေးကွက်တွင် မျက်နှာပန်းလှပသည့် သီးနှံဖြစ်သည့်အတွက် မြင်းခြံဒေသအတွင်းရှိ တောင်သူများသည် ဆောင်းကြက်သွန်နီကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)