ညောင်ဦးမြို့နယ်ရှိ စားသုံးဆီ လက်လီ/လက္ကားအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၉.၂.၂၀၂၅) ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စားသုံးဆီလက်လီလက္ကားအရောင်းဆိုင်ရှင်များအား  ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

နိုင်ငံတော်မှ ပြည်သူများကို သက်သာသောဈေးဖြင့် ရောင်းချပေးသော စားသုံးဆီများကို အလေးချိန်ပြည့်မှီစွာ ရောင်းချရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊  ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေးကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်စေရေး စားအုန်းဆီ အရောင်းဆိုင်များ အနေဖြင့် စားအုန်းဆီများ အမှန်တကယ် ပြည်သူ့လက်ဝယ်သို့ ရောင်းချစေရေးတို့အတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။       

DOCA(မန္တလေး)