ငရုတ်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင်အသိပညာပေး ဟောပြောဆွေးနွေးခြင်းပြုလုပ်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်ဦး စီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၁.၂.၂၀၂၅ ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့်အတူ ညောင်တုန်းမြို့နယ် ငရုတ်လုပ်ငန်းရှင်(၅၄) ဦးအား တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြော ဆွေးနွေးခဲ့ကြသည်။

    အဆိုပါဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် က စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်အကြောင်း ကိုလည်းကောင်း ၊ ညောင်တုန်းတွင် ငရုတ်သီးနှံ စိုက်ပျိုးထုတ်လုပ်နေ၍ ဈေးကွက်ရရှိနေသော ငရုတ်စိုက်ပျိုးထုတ်လုပ်မှု ပိုမိုစိုက်ပျိုးနိုင်ရေးနှင့်  ဈေးကွက်ခိုင်မာရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးနှင့် ပြည်တွင်းမှ ဒေသတွင်း ထွက်ကုန်စည်များကို အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့တင်ပို့ ရောင်းဝယ်နိုင် သည်အထိ တိုးမြင့်စိုက်ပျိုးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ဆောင်ရွက်မှုများကို ရှင်းလင်းခြင်း ငရုတ် တစ်ဧကစာ စိုက်ပျိုးပျိုးပါက အကြမ်းဖျဉ်း ကုန်ကျစရိတ် (၃)သိန်းမှ (၅)သိန်းကြား ကုန်ကျနိုင်ကြောင်း စိုက်ပျိုးသူ များထံမှ ကွင်းဆင်းသိရှိရ၍ ငရုတ်စိုက်ပျိုးမှု ကုန်ကျစရိတ်သည် ဒေသတစ်ခုနှသ့် တစ်ခု ကုန်ကျစရိတ် တူညီမှု မရှိနိုင်ကြောင်း၊ ငရုတ်ပထွက်တိုးရေးနှင့် ငရုတ်ဈေးကွက်ရရှိစေရေး ဌာနများက လည်း ပြည်တွင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက် လျှက်ရှိကြောင်း အကျယ်တဝင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် စီးပွားရေးလုပ်ငန်းရှင် သိကောင်းစရာများနှင့် ပတ်သက်၍ အသေးစိတ်ရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင် ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)