![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_39.png?itok=XTRoeJ5_)
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ တာဝန်ရှိသူ ဝန်ထမ်း (၂)ဦးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၁၀.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းတုန်းမြို့ပေါ်ရှိ စတိုးဆိုင်(၅)ဆိုင်တွင် ရောင်းချသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် စစ်ဆေးရေးတာဝန်ရှိသူ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်အမှတ် ရှိ/မရှိကို စစ်ဆေးခြင်း၊ တရားမဝင်တင်သွင်း ကုန်စည်များ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ကလေးဖြည့်စွက်အာဟာရ မှုန့်ဘူးသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း နှင့် သတက်ဆိုင်ရာခွင့်ပြချက်အမှတ်ပါဝင်ကြောင်း သက်ဆိုင်ရာ ကုမ္ပဏီများမှ တရားဝင်ဖြန့်ဖြူးသည့် ကုန်စည်များကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA (ဧရာဝတီ)