ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များ သတ်မှတ်စည်းမျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များ အတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ၁၀.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ညောင်တုန်း မြို့နယ် (၄)ရပ်ကွက်၊ (၅)ရပ်ကွက်၊ (၇)ရပ်ကွက်ရှိ စျေးတန်းနှင့် ရပ်ကွက်အတွင်းရှိ ဦးမြင်ဆွေ ဆေးဆိုင်၊ မိဘမေတ္တာဆေးဆိုင်၊ ဦးထွန်းဝေဆေးဆိုင်၊  အိမ်သုံးဆေး အရောင်းဆိုင်များတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များအားလိုက်နာမှု ရှိ/မရှိကို ပုံမှန်စစ်ဆေးခြင်း၊ ဈေးကွက် အတွင်း ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း နှင့် ဈေးကစားရန်ရဉ်ရွယ်၍ သိုလှောင်ထားခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ တားမြစ်ဆေးများ၊ မူးယစ်ဆေးအုပ်စုဝင်ဆေးများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးမျာ၊ ဆေးဝါးအတု များ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သည့် ဆေးဝါးများ ဝယ်ယူတင် သွင်းခြင်း ရောင်းချခြင်း ရှိ/မရှိကို  ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး တွေ့ရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအရလည်းကောင်း၊ အမျိုးသားဆေးဝါးဉပဒေပါ ပြဋ္ဌာန်းချက် များအရ အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများကို အသိပညာပေး ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

DOCA (ဧရာဝတီ)