![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/211_7.jpg?itok=bDUZmyr2)
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ဖေဖော် ဝါရီလပထမပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင် စပါးတင်း(၁၀၀)လျှင် (၁၇၈၄၀၀၀/) ကျပ်ရှိခဲ့ရာမှဖေဖော်ဝါရီလဒုတိယပတ်တွင်(၁၆၅၆၀၀၀/)ရှိခဲ့သဖြင့်စပါးဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း စပါးကုန်သည် တစ်ဦးထံမှ သိရှိရ ပါသည်။
ဆန်ဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခ ဆန် (အဟောင်း)တစ်ပြည်လျှင်(၄၅၀၀/)ကျပ်၊ တစ်အိတ်လျှင် (၁၀၈၀၀၀/)ကျပ်၊ဆန် သစ်တစ်ပြည် လျှင်(၃၀၀၀/)ကျပ်၊တစ်အိတ်လျှင် (၇၂၀၀၀/) ကျပ် ၊ပေါ်ဆန်းမွှေးဆန်(သစ်)တစ်ပြည်လျှင် (၆၅၀၀/)ကျပ်၊ကောက်ညှင်းဆန်တစ်ပြည်လျှင် (၇၀၀၀/)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချနေ လျက်ရှိကြောင်း ဆန်ကုန်သည်ကြီးများ ထံမှသိရှိရပါသည်။
DOCA(ပဲခူး)