ရေကြည်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်လှစ်ခြင်း

Powered by Drupal

          ရေကြည်မြို့နယ်၊ အ.ထ.ကမြို့မကျောင်းတော်ဝင်ခန်းမတွင် စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ် အဆင့်နည်းပြသင်တန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပြီး သင်တန်းတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် ဘေးစီမံ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ သစ်တောဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနတို့မှ မိမိတို့ဆွေးနွေးပို့ချရမည့် ခေါင်းစဉ်အလိုက် သင်တန်းပို့ချရာတွင် ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားနှင့် ONLINE SALE မှတ်ပုံတင်ခြင်းဆိုင်ရာ သင်ခန်းစာများအား သင်တန်းသား၊ သင်တန်းသူ (၇၅) ဦးတို့အား သင်တန်းပို့ချအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)