
ကျုံပျော်မြို့နယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ” ကို ၁၁.၂.၂၀၂၅ ရက်နေ့၊ နံနက် (၈:၃၀) အချိန်တွင် ကျုံပျော်မြို့နယ်၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ (၉) ဖွဲ့ ယှဉ်ပြိုင်ခဲ့ကြပါသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုငွေ (၄၅၀၀၀၀/-) ကျပ်အား စိုက်ပျိုးရေး၊ လယ်/စီစာရင်းအင်း၊ လျှပ်စစ်၊ ငါးလုပ်ငန်း၊ စာရင်းရုံး၊ တရားရုံး၊ ဥပဒေရုံး ပါဝင်သော အဖွဲ့မှ ရရှိပြီး၊ ဒုတိယဆုငွေ ကျပ်(၃၀၀၀၀၀/-) အား စားသုံးသူ၊ စည်ပင်၊ စီမံကိန်း၊ စာတိုက်၊ သမဦးစီး၊ ဆက်သွယ်ရေး၊ ပြန်/ဆပ်ဌာနများ ပါဝင်သော အဖွဲ့မှ ရရှိပြီး ကျန်(၆) ဖွဲ့မှ ခင်းကျင်းပြင်ဆင်ကောင်းမွန်မှု၊ စည်းရုံးစွာအားပေးမှုဆုနှင့် နှစ်သိမ့်မှုဆုများ အသီးသီးရရှိခဲ့ပါသည်။
ထိုပြိုင်ပွဲတွင် ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၏ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ အဖွဲ့အတွက် လိုအပ်သည်များစီစဉ်ဆောင်ရွက်ပေးခြင်း၊ မြို့နယ်တဝန်ခံမှ အမှတ်ပေးဒိုင် အဖြစ် ဆောင်ရွက်ပေးခြင်း၊ ဆုချီးမြှင့်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)