
အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။
(၁၀.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မေဝင်း သည် ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ အိမွန်ထွေး၊ အိမ်သုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ် သောအချက်အလက် များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေး ရေးအရာရှိသည် မြေပြင်ကွင်း ဆင်းစစ်ဆေးတွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်း ပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း(သို့)ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)