ကျုံပျော်မြို့နယ်ရှိ ဂျက်စမင် ကလေးအသုံးအဆောင်ပစ္စည်းဆိုင်သို့ Online Sales ကိစ္စနှင့် ပတ်သတ်၍စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

 အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၀.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မေဝင်း သည် ကျုံပျော်မြို့နယ်၊ ကမ်းနားလမ်း၊ မြဝတီရပ်ကွက်ရှိ ဂျက်စမင် ၊ ကလေးအသုံးအဆောင်ပစ္စည်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ် သောအချက်အလက် များကို မြေပြင်ကွင်းဆင်း စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေး ရေးအရာရှိသည် မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိ ချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ် ရေး ဦးစီးဌာနမှ ဆက်လက်စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)