ချောက်မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် ရောနှောဆီရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ် စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိ ရာ (၁၀.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေး အတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ်များ မသုံးစွဲစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ရောနှောဆီရောင်းချခြင်းရှိ/မရှိ စစ်ဆေးရာတွင် ရောင်းချခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ရောနှောဆီပြုလုပ်ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ  ထုတ်ပြန်ထားသည့် အမိန့်အမှတ်(၂/၂၀၂၄)ပါ သတ်မှတ် ချက်များ ပြည့်စုံမှန်ကန်သော ဘူးသွပ်ဆီများသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)