![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/18_50.jpg?itok=m3KImxsQ)
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ ၁၀-၂-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက် တွင် ဆန်လက်လီ/လက်ကားရောင်းချနေသော ပြည့်သျှံဆန်ဆိုင်၊ ဝင်းသန်းဆန်ဆိုင်၊ အောင်မြရင် ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်ဈေးနှုန်း၊ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆန်လက်လီ/လက်ကားအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဆန်များမှာ ရွှေဘို ပေါ်ဆန်း၊ ဧရာပေါ်ဆန်း၊ ဧရာပဒေသာ၊ မနောသုခ၊ ရက်(၉၀)ဆန်နှင့် ဖန်သီးသုခဆန်များ ရောင်းချ နေကြောင်း တွေ့ရှိရပြီး၊ ဆန်ရောင်းဝယ်ဖောက်ကားရာတွင် ဆန်ရောင်းချသူများအနေဖြင့် ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ထားခြင်းမပြုလုပ်ကြရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ အလေးချိန်၊ အချင်အတွယ် ပြည့်ဝမှန်ကန်စွာ ရောင်းချ ပေးရန်၊ MyROတွင် မှတ်ပုံတင်ထားခြင်းရှိမရှိ၊ မှတ်ပုံတင်ထားခြင်းမရှိပါက စားသုံးသူရေးရာဦးစီး ဌာနသို့ ချိတ်ဆက်ဆောင်ရွက်၍ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)