စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှစားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးစီးမှူးဒေါ်မြင့်မာလာဝင်းတို့သည် ၁၃-၂-၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် “N FRESH” အမှတ်တံဆိပ်ဖြင့် ရေခဲချောင်းထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိစားသုံးသူရေးရာဌာနခွဲ/ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။ ထိုသို့အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့်အခန်း(၁၈)ပါကုန်ပစ္စည်း ထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက် ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်း ရရှိပါသည်။
DOCA(မန္တလေး)