ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည်  ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတစ်ခုထံမှ ပြည်ပခရီးအတွက် သံရုံး တွင် ဗီဇာတင်ပေးရန် ဝန်ဆောင်ခ USD 300$ အား ပေးသွင်းခဲ့ပြီး ဝန်ဆောင်မှု မပေးနိုင်သောကြောင့် ပေးသွင်းထားသော ဝန် ဆောင်ခကို ပြန်လည်တောင်းခံရာ ငွေပြန်မပေးခြင်း၊ ခြိမ်း  ခြောက်ပြောဆိုခြင်းများ ပြုလုပ်နေသောကြောင့် စားသုံးသူ ရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက  ခရီးသွား ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တိုင်ကြားသူတို့အား ခေါ်ယူ၍ စေ့စပ်ညှိနှိုင်းမှုများ ဆောင် ရွက်ပေးခဲ့ရာ ခရီးသွားကုမ္ပဏီက တိုင်ကြားသူပေးသွင်းခဲ့သည့် USD 300 $ နှင့် ညီမျှသည့် မြန်မာ ငွေကျပ် ၈၉၄,၀၀၀/- (ရှစ်သိန်းကိုးသောင်း လေးထောင်တိတိ)ကို ၂၇-၁-၂၀၂၅ ရက်နေ့တွင် ငွေသား ဖြင့် ပြန်လည်ပေးအပ်ရန်၊ လုပ်ငန်းရှင်မှ တိုင်ကြားသူအား တောင်းပန်သွားရန်၊ တိုင်ကြားသူမှလည်း လုပ်ငန်းရှင်ပေးအပ်သည့် ငွေကြေးနှင့်တောင်းပန်မှုကို ကျေနပ်လက်ခံပါကြောင်းနှင့် နောက်နောင် များတွင် လုပ်ငန်းရှင်နှင့် တိုင်ကြားသူ နှစ်ဦးနှစ်ဖက်တို့သည် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန် ယက် စာမျက်နှာများပေါ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရေးသားခြင်းများ မပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ၂၇-၁-၂၀၂၅ ရက်နေ့တွင် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီမှတာဝန်ရှိသူက တိုင် ကြားသူထံ ငွေကျပ် ၈၉၄,၀၀၀/- (ရှစ်သိန်း ကိုးသောင်း လေးထောင် တိတိ)ကို ဌာနမှတာဝန်ရှိသူများ ရှေ့မှောက်တွင် ပေးအပ်ခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရရှိပါသောကြောင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(CICC)