ပါကေးနှင့် အထွေထွေအိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင် ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ပါကေးနှင့် အထွေထွေအိမ်ဆောက်ပစ္စည်း အ‌ရောင်းဆိုင် တစ်ဆိုင်၏ ဝန်ဆောင်မှုကို ရယူသုံးစွဲရာတွင် ကျွန်းပါ ကေးခင်းရာ၌ အရည်အသွေးနိမ့် သောပစ္စည်းများသုံးခြင်း၊ လက်ရာသေသပ်မှုမရှိခြင်းတို့ကြောင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက  တိုင်ကြား သူနှင့် တိုင်ကြားခံရသူတို့အား နှစ်ဦးနှစ်ဖက် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပေးမှုများအရ စီးပွားရေး လုပ်ငန်းရှင်မှ တိုင်ကြားသူအား ငွေကျပ် ၂,၂၀၀,၀၀၀/- (နှစ်ဆယ့် နှစ်သိန်း တိတိ)ကို ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်းနှင့် တိုင်ကြားသူနေအိမ်ရှိ ကျွန်းပါကေးတုံးများကို ပြန်လည်သိမ်းဆည်း ပေးသွားမည်ဖြစ်ကြောင်း သဘောတူညီချက်ရရှိခဲ့ပြီး ၁၄-၁-၂၀၂၅ ရက်နေ့တွင် ဌာနမှ တာဝန်ရှိသူ များ ရှေ့မှောက်တွင် နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် ငွေပမာဏအတိုင်း ပြန်လည်ပေးအပ်ခဲ့ပြီး ၁၅-၁-၂၀၂၅ ရက်နေ့တွင် တိုင်ကြားသူ နေအိမ်ရှိ ကျွန်းပါကေးတုံးများအား စီးပွားရေးလုပ်ငန်းရှင်မှ ပြန်လည်သိမ်းဆည်းပေးခဲ့သောကြောင့်  နှစ်ဦးနှစ်ဖက်ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို  စားသုံးသူ ကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(CICC)