
၂၀၂၄ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ ဝါဂွမ်းရိတ်သိမ်းမှုသည် တန်ချိန် ၁၅၉၀၀၀ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း အမျိုးသားစာရင်းအင်းနှင့် သတင်းအချက် အလက်အာဏာပိုင်အဖွဲ့ (NSIA) မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ နိုင်ငံအတွင်း ဝါဂွမ်း မတ်ထရစ်တန်ချိန် ၁၅၉၀၀၀ ကိုစုဆောင်းထားပြီး အနောက်ပိုင်း ဟလ်မန်ပြည်နယ်မှတန် ၈၀ နှင့် မြောက်ပိုင်း Balkh ပြည်နယ်တွင် ၃၄ တန်ရှိကြောင်း NSIA ပြောရေးဆိုခွင့်ရှိသူ Mohammed Halm Rafi က ၎င်း၏ X အကောင့်တွင်ရေးသားခဲ့သည်။ အာဖဂန်နစ္စတန်တွင်လွန်ခဲ့သည့်နှစ်က ဝါစိုက်ပျိုးမှုသည် ဟတ်တာ ၁၀၅၀၀၀ ရှိပြီး Halmand၊ Balkh၊ Takhar၊ Jawzjan နှင့် Nangarhar တို့သည် နိုင်ငံ၏ ဝါဂွမ်းထုတ်လုပ်မှုအတွက် အများဆုံးအကောက်အကူဖြစ်သော ပြည်နယ်များ ထဲတွင်ပါဝင်ကြောင်း Rafi ကပြောကြားခဲ့သည်။ လက်ရှိတွင်နိုင်ငံ၏ပြည်နယ် ၃၄ ခုအနက် ၁၅ ခုတွင် အာဖဂန်လယ်သမားများက ဝါဂွမ်ကို စိုက်ပျိုးနေကြောင်းသိရသည်။ အာဖဂန်အိမ်စောင့်အစိုးရသည် ၂၀၂၂ ခုနှစ်ဧပြီလတွင်ဘိန်းစိုက်ပျိုးခြင်းကိုတားမြစ်ခဲ့ပြီးကတည်းက လယ်သမားများသည် ဝါ၊ Saffron၊ ဆန်၊ ဂျုံနှင့် အခြားတရားဝင်အပင်များဖြင့် အစားထိုးစိုက်ပျိုးလာကြသည်။
DOCA(ရန်ကုန်)