ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုမြှင့်တင်ရန် အဆင်သင့်ဖြစ်နေ

Powered by Drupal

          ဖိလစ်ပိုင်နိုင်ငံ၌ စာနပ်ရိက္ခာထောက်ပံ့ရေးစိန်ခေါ်မှုများနှင့် ရင်ဆိုနေရချိန်တွင် မနီလာ၏ စားနပ်ရိက္ခာဖူလုံမှုကို ပံ့ပိုးပေးရန်အတွက် ဆန်နှင့်အခြားလယ်ယာထွက်ကုန်များ တိုးမြှင့် တင်ပို့ရန်အဆင်သင့်ပြင်ဆင်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet နှင့် ဖိလစ်ပိုင်သမ္မတ Ferdinand Marcos တို့ (၁၁-၂-၂၀၂၅) ရက်နေ့ကတွေ့ဆုံစဉ် အာမခံခဲ့သည်။ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoUs) လက်မှတ်ရေးထိုးပြီးနောက် Hun Manet က စိုက်ပျိုရေးကဏ္ဍတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအားကောင်းလာစေရန် ကမ္ဘောဒီးယား နိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်နှင့်အခြားမရှိမဖြစ်လိုအပ်သော စာနပ်ရိက္ခာထုတ်ကုန်များ ထောက်ပံ့ရန်အသင့် ရှိနေကြောင်း ဝန်ကြီးချုပ်ကအလေးပေးပြောကြားခဲ့သည်။ Ferdinand Marcos က ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေးကြိုးပမ်းမှုတွင် အဓိကနေရာမှ ပါဝင်နေပြီး အသစ်ချုပ်ဆို ထားသော စိုက်ပျိုးရေးနှင့်လယ်ယာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဆန်ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းဝယ်လိုအားပြည့်မီရန် တင်သွင်းမှုအပေါ် ဆက်လက်မှီခို နေရဆဲဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

DOCA(ရန်ကုန်)