လာအိုတွင်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းများ မျက်စိကျနေ

Powered by Drupal

          လာအိုနိုင်ငံသည် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုများအတွက် ဦးစားပေးတည်နေရာအဖြစ် ဆက်လက်ရပ်တည်နေပြီး ဗီယက်နမ်သည်လည်း လာအို၏ အကြီးမားဆုံးပြည်ပရင်းနှီးမြှုပ်နှံသူ များထဲမှ တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေကြောင်း လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဖေဖော် ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ဆွေးနွေးပွဲအရ သိရပါသည်။ ထိုပွဲတွင် လာအိုနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Minh Tam က ဆွေးနွေးပွဲသည် လာအိုအာဏာပိုင်များက နိုင်ငံ တကာမှစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒများနှင့် စည်းမျဉ်းမူဘောင်များ ချပြ ရန် ပလက်ဖောင်းတစ်ခုဖြစ်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် သံအမတ်ကြီးက လာအိုနိုင်ငံ သည် ဗီယက်နမ်နှင့် ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းများအတွက် စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံစသည်တို့တွင် အဓိကရင်းနှီးမြှုပ်နှံမှု ဦးတည်ရာနေရာအဖြစ် ရပ်တည်နေကြောင်းနှင့် နှစ်နိုင်ငံကြားကုန်သွယ်မှုကြီးထွားလာခြင်းသည် နှစ်နိုင်ငံ၏ အားကောင်းသော စီးပွားရေးမိတ်ဖက်ပြုမှုကို အားသစ်လောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။ နိုင်ငံခြားရေးရာဝန်ကြီးဌာန၏ ပြည်ပဆိုင်ရာနိုင်ငံတော် ကော်မတီ၏ ဒုတိယဥက္ကဌဖြစ်သူ Nguyen Manh Dong က လာအိုနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုအလား အလာသည် ပြည်ပရှိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်မှုနှင့် သိသာထင်ရှား သော အကျိုးကျေးဇူးများကို သယ်ဆောင်လာမည်ဟု ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ လာအိုတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေရန်အတွက် ဗီယက်နမ်၊ ဂျပန်၊ တောင် ကိုရီးယား၊ အမေရိကန်၊ ထိုင်းနှင့် မလေးရှားတို့ရှိ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် ဆွေးနွေးပွဲသည် တက်‌ရောက်သူများက အမြင်များဖလှယ်ရန်၊ အောင်မြင်မှု မှတ်တမ်းများဝေမျှရန်နှင့် အနာဂတ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် လမ်းကြောင်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)