
လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် ပြည်ပရှိဗီယက်နမ်စီးပွားရေးလုပ်ငန်း အသင်း၏ ဥက္ကဌဖြစ်သူ Nguyen Hong Hue ဦးဆောင်သည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် များစွာသောနိုင်ငံများမှ နိုင်ငံတကာစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေးကို ဖေဖော် ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် Hue က အသင်း၏ဆောင်ရွက်မှုများ နှင့် လာအိုတွင် လုပ်ငန်းများက အသင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်တွင် ပါဝင်ဆင်နွှဲ မှုကို ပြောကြားခဲ့ ကြောင်း သိရပါသည်။ ထို့ပြင် Hue က ဖိုရမ်အား စီးပွားရေးလုပ်ငန်းများက ၎င်း တို့၏ အားသာချက်များကို ပြသခွင့်ရသည့် အဖိုးတန်သော အခွင့်အလမ်းတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး လာအိုအစိုးရသည်လည်း စွမ်းအင်၊ သတ္တုတူးဖော်ခြင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့်နည်းပညာမြင့်စိုက်ပျိုးမွေးမြူရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေး ပံ့ပိုးပေး ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ အခြားအဆိုပြုသည့် ရင်းနှီးမြှုပ်နှံမှုဧရိယာများတွင် ကုန်သွယ်ရေး၊ e-government နှင့် ဗီယက်နမ်နိုင်ငံ Ha Tinh ပြည်နယ်မှ လာအိုမြို့တော် ဗီယန်ကျင်းသို့ ရေနံပိုက်လိုင်း ဆောက်လုပ်မှုပါဝင်ကြောင်း သိရပါသည်။ Hue က လာအိုအစိုးရ အား ရင်းနှီးမြှုပ်နှံမှု မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဦးစားပေးကဏ္ဍများအပေါ် အသေးစိတ် အချက်အလက်များဝေမျှပေးရန်တောင်းဆိုခဲ့ပြီး လာအိုအာဏာပိုင်များအား ဗီယက်နမ်နှင့် ပြည်ပ လုပ်ငန်းများ နိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန်အတွက် ပိုမိုသင့်လျှော်သောအခြေအနေများ ဖန်တီးပေးရန် အဆိုပြုခဲ့ကြောင်း သိရ ပါသည်။ လာအို၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးအတွက် ကြီးမားကျယ်ပြန့်သော အလားအလာနှင့်ပတ်သတ်၍ လာအိုဝန်ကြီးချုပ်က လာအိုသည် စိုက်ပျိုး မွေးမြူရေး၊ ခရီးသွားကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးတို့တွင် ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှု ဦးတည်ရာနေရာတစ်ခုအဖြစ် ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်က လာအိုအစိုးရသည် ဗီယက်နမ်နှင့် ပြည်ပရင်းနှီးမြှုပ်နှံ သူများက နိုင်ငံတွင် စီးပွားရေးလုပ်ငန်းစဉ်များ စတင်ခြင်းနှင့် တိုးချဲ့ခြင်းတို့တွင် ပံ့ပိုးပေးသွားရန် ဆက်လက်အာမခံကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)