ဇန်နဝါရီလတွင် လျှပ်စစ်မော်တော်ယာဉ် အစီးရေ ၁၀၀၀၀ ကျော်ရောင်းချခဲ့သည့် VinFast

Powered by Drupal

          ဗီယက်နမ်ကားထုတ်လုပ်သူဖြစ်သည့် VinFast သည် ဇန်နဝါရီလတွင် ပြည်တွင်း၌ လျှပ်စစ်မော်တော်ယာဉ်အစီးရေ ၁၀၀၀၀ ကျော် ရောင်းချခဲ့ရပြီး VF3 နှင့် VF5 တို့သည့် ရောင်းအား အကောင်းဆုံးမော်ဒယ်များဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်ကအဟုန်ကို အခြေ ခံ၍ ကုမ္ပဏီသည် နှစ်သစ်ကို စံချိန်တင်ကိန်းဂဏန်းဖြင့် စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ VF3 သည် အစီးရေ ၄၀၀၀ ကျော်ဖြင့် ရောင်းချရမှုတွင် ဦးဆောင်ခဲ့ပြီး ၎င်းတို့နောက်တွင် VF5 က အစီးရေ ၃၃၀၀ ဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ လက်ကျန်ရောင်းချရမှုများတွင် အခြား မော်ဒယ်များဖြစ်သည့် VFe34၊ VF6၊ VF7၊ VF8နှင့် VF9 တို့ပါဝင်ကြောင်း သိရပါသည်။၂၀၂၅ ခုနှစ် ၏ လက်ကျန်ကာလတွင်လည်း VinFast သည် ကားအမျိုးအစားသစ်များ မိတ်ဆက်ရန် စီစဉ် ထားကြောင်း သိရပါသည်။ ၎င်းတို့တွင် ထိုင်ခုံ ၇ ခုံပါဝင်သည့် ဘက်စုံသုံးမော်တော်ယာဉ် နှင့် စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များစွာ ပါဝင်ကြောင်း သိရပါသည်။ ၂၀၂၄ နှစ်ကုန်တွင် VinFast သည် ပြည်တွင်း၌ အစီးရေ ၈၇၀၀၀ ရောင်းချခဲ့ပြီး ဗီယက်နမ်၏ ရောင်းအား အကောင်းဆုံး မော်တော်ကားထုတ်လုပ်သူအဖြစ်ရပ်တည်ခဲ့ကြောင်း သိရပါသည်။  ကမ္ဘာလုံး ဆိုင်ရာအနေဖြင့် ကုမ္ပဏီသည် ၎င်းတို့၏တည်ရှိမှုကို ဆက်လက်တိုးချဲ့လျှက်ရှိပြီး အမေရိကန်၊ ဥရောပ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် အရှေ့အလယ်ပိုင်း အစရှိသည့် အဓိကဈေးကွက်များ တွင် ကားအမှတ်တံဆိပ်သစ်များ ချပြလျှက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)