ဇန်နဝါရီလတွင် ဟွန်ဒါဗီယက်နမ်၏မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချမှု ကျဆင်း

Powered by Drupal

          ဇန်နဝါရီလတွင် ဟွန်ဒါဗီယက်နမ်၏မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချမှုသည် ၂၀၂၄ ဇန်နဝါရီလထက် ၁၂.၆ ရာခိုင်နှုန်းနှင့် ၉.၇ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ မော်တော်ဆိုင်ကယ်ရောင်းချရမှုမှာ အစီးရေ ၁၉၈၉၁၁ စီးဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၁၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၅ ဘဏ္ဍာနှစ် (ဧပရယ်လ ၂၀၂၄ မှ မတ်လ ၂၀၂၅ ) အတွက် ရောင်းချရမှုမှာ အစီးရေ ၁၈၆၃၆၈၁ စီးဖြင့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်ထက် ၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် များစွာ‌သောဈေးကွက်များသို့ အစီးရေ ၄၁၃၂၆ စီးတင်ပို့ခဲ့ပြီး ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာတည်ရှိမှုကို အားသစ်လောင်းခဲ့ကြောင်း သိရပါသည်။ မော်တော်ကားကဏ္ဍတွင် ၎င်းတို့သည် ဇန်နဝါရီလက အစီးရေ ၁၈၂၆ စီး တင်ပို့ခဲပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကထက် ၉.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၅ ဘဏ္ဍာနှစ်အတွက်မူ အစီးရေ ၂၃၉၇၄ စီးဖြင့် ၂၀၂၄ ဘဏ္ဍာနှစ်ထက် ၁၁.၇ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း သိရပါသည်။ ဟွန်ဒါဗီယက်နမ်သည် ထုတ်ကုန်အမျိုးအစားတို့ချဲ့ခြင်းနှင့် အရောင်း မြှင့်တင်ရေးပရိုဂရမ်များကြောင့် အနာဂတ်ကြီးထွားမှုမျှော်မှန်းချက်နှင့်ပတ်သတ်၍ အကောင်းမြင် လျှက်ရှိကြောင်း သိရပါသည်။ လတ်တ‌လောမက်လုံးပေးမှုများတွင် CR-V၊ City၊ Civic၊ BR-V နှင့် HR-V ကဲ့သို့သောအမျိုးအစားများအတွက် မှတ်ပုံတင်ကြေးဈေးလျှော့ပေးခြင်းနှင့် Accord မော်ဒယ်ဝယ်ယူသူများအတွက် အမေရိကန်ဒေါ်လာ ၉၈၁၅ ငွေကြေးပံ့ပိုးပေးမှုပါဝင်ကြောင်း သိရ ပါသည်။

DOCA(ရန်ကုန်)