
အင်ဒိုနီးရှားနှင့် ယူအေအီးတို့သည် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစားအစာနှင့် အခြေခံ အဆောက်အအုံတို့တွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒူဘိုင်းတွင်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် World Governments Summit တွင် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာ ညှိနှိုင်းဆွေးနွေး ရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က ယူအေအီးနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mohamed Hassan Alsuwaidi နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ သဘောတူညီချက်များထဲမှ တစ်ခုသည် Mubasala စွမ်းအင်ကုမ္ပဏီနှင့် အက်ဒမန်ပင်လယ်တွင် ဂတ်စ်ပူးပေါင်းဆောင်ရွက်ရန် အတွက် နားလည်မှုသဝဏ်လွှာ(MoU) ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အမျိုးသားမဟာဗျူဟာ စီမံကိန်းမှတစ်ဆင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေတာစင်တာဂေဟစနစ် ထူထောင်ရန်အတွက် နှစ်နိုင်ငံစလုံးသည် အင်ဒိုနီးရှား၏ အထူးစီးပွားရေးဇုန်(SEZ)များတွင် ယူအေအီး ၏အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများကို စတင်ရှာဖွေခဲ့ကြကြောင်း သိရပါသည်။ Hartarto က ယူအေအီးသည် အင်ဒိုနီးရှား၏ များစွာသော SEZ များတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် နိုင်ငံ၏ တည်ငြိမ်ပြီး ကြံကြံခံနိုင်သော ဒေတာစင်တာဂေဟစနစ် ဖန်တီးရာတွင် ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ အစိုးရသည်လည်း NDP SEZ တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ တန်ကြေးရှိသော ဒေတာစင်တာထူထောင်ရန် ရည်ရွယ်ထား ကြောင်း သိရပါသည်။ NDP SEZ ဂေဟစနစ်သည် ဆီမီးကွန်ဒတ်တာများနှင့် AI တို့ပါဝင်သည့် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာနှင့်ဆက်စပ်သည့် များစွာသောစီမံကိန်းများနှင့် လိုက်လျောညီထွေ ဖြစ်ရန် အဓိကရည်ရွယ်ထားကြောင်း သိရပါသည်။ နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် များအပြင် Hartarto နှင့် Alsuwaidi တို့သည်လေဆိပ်နှင့် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂျာဗား ကျွန်းမြောက်ပိုင်းကမ်းခြေတွင် ကြီးမားသည့်ပင်လယ်တံတိုင်းတည်ဆောက်ရန် အစီအစဉ်နှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
DOCA(ရန်ကုန်)