၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉၀ သန်းနီးပါးရရှိခဲ့

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စပါးနှင့် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၇ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ်မှ ၁၄-၂-၂၀၂၅ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သည် ယခုနှစ်ဇန်နဝါရီလအတွင်း ပြည်ပနိုင်ငံများသို့ ဆန် တန်ချိန် ၅၉,၀၈၆ တန်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၉ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ EU သို့ ဆန်တန်ချိန် ၃၆,၇၁၄ တန်ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၂၉.၇၉ သန်း၊ တရုတ်နိုင်ငံသို့ တန်ချိန် ၃,၇၇၂ တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၂.၅၆ သန်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၄ နိုင်ငံသို့ တန်ချိန် ၉,၄၁၃ တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၇.၃၁ သန်းနှင့် အခြားနိုင်ငံများသို့ တန်ချိန် ၉,၁၈၇ တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈.၃၇ သန်းရရှိခဲ့သည်။ ဆန်ကုန်သည် ၃၉ ဦးမှ နိုင်ငံ ၄၅ ခုသို့ ဆန်တင်ပို့ခဲ့ပြီး ဆန်မွှေး၊ အော်ဂဲနစ်ဆန်၊ ဆန်ဖြူ၊ ပြုတ်ဆန်နှင့် ဂျပန်အမျိုးအစားဆန်များ ပါဝင်ကြောင်းအစီခံစာရ သိရသည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်(CRF) ဥက္ကဋ္ဌ Chan Sokkhean က အသင်းအနေဖြင့် တင်ပို့မှုနေရာများသို့ တင်ပို့ရန်နှင့်ဈေးကွက်အသစ်များ ဖွင့်လှစ်နိုင်ရန် တွန်းအားပေးလုပ်ဆောင်နေသောကြောင့် ဆန်တင်ပို့မှုမြှင့်တင်ရန်အတွက် အဓိကအချက် ဖြစ်ကြောင် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန် ၆၅၁,၅၂၂ တန်တင်ပို့ခဲ့ပြီး စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၄၉၁ သန်းရရှိခဲ့ကြောင်း CRF ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်သည် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံးဆန် တန်ချိန်တစ်သန်း တင်ပို့ရန် ရည်မှန်းထားကြောင်း အစီရင်ခံစာအရ သိရသည်။

DOCA(ရန်ကုန်)