ကုန်ပစ္စည်းတင်ပို့မှု မြှင့်တင်ရန် နားလည်မှုစာချွန်လွှာများတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့သည် ပုဂ္ဂလိက ကဏ္ဍတွင် ကမ္ဘောဒီးယား ထုတ်ကုန်များ ဩစတြေးလျဈေးကွက်သို့ တင်ပို့မှုမြှင့်တင်ရန်နှင့် လွယ်ကူချောမွေ့စေရန်အတွက နားလည်မှုစာချွန်လွှာ (၃) ခုကို ၁၆-၂-၂၀၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ကမ္ဘောဒီးယား-ဩစတြေးလျ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို ဩစတြေးလျ နိုင်ငံ၊  Sydney မြို့၌စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဩစတြေးလျနိုင်ငံ နိုင်ငံခြားနှင့်ကုန်သွယ်မှုဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနှင့်ဩစတြေးလျ ကုမ္ပဏီများမှ ကိုယ်စာလှယ်များတက်ရောက်ခဲ့ကြသည်။ အဆိုပါနားလည်မှုစာချွန်လွှာများသည် ဆန်နှင့် သီဟိုဠ်စေ့ကဲ့သို့သော ကမ္ဘောဒီးယားထုတ်ကုန်များတင်ပို့ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ဩစတြေးလျဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက လက်မှတ် ရေးထိုးပွဲအပြီးတွင်ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ မှ ဩစတြေးလျနိုင်ငံသို့ ကုန်ပစ္စည်း တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၉၈ သန်းနီးပါးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလ နှင့်နှိုင်းယှဉ်ပါက ၁၉.၂ ရာခိုင်နှု်နးတိုးမြင့်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ သိရသည်။ ဩစတြေးလျနိုင်ငံသို့ ကမ္ဘောဒီးယား၏ ပို့ကုန်သည် ၃၁ ရာခိုင်နှု်နးမြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၄၈၇ သန်း ရရှိခဲ့ကြောင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။ အခမ်းအနားတွင် ဩစတြေးလျနိုင်ငံသည် ကမ္ဘောဒီးယားထုတ်ကုန်များကို အများဆုံးလက်ခံရရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အလားအလာရှိသော ရင်းနှီမြှုပ်နှံမှုအရင်းအမြစ်ဖြစ်သည်ဟု ကမ္ဘောဒီးယားကုန်သည်ကြီးများ အသင်း (CCC) ဒုတိယဥက္ကဋ္ဌ Lim Heng ကပြောကြားခဲ့သည်။

DOCA(ရန်ကုန်)