
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံအတွင်း၌ EV အားသွင်းစခန်းပေါင်း ၆၃၀၀၀ တည်ဆောက်သွားရန်စီစဥ်ထားပြီး ထိုနှစ်တွင် EV ကားအစီးရေ ၉၄၃၀၀၀ အထိတိုးလာစေရန် ရည်ရွယ်ထားကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ PT PLN ၏အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ တွင် နိုင်ငံအတွင်း၌ အားသွင်းစခန်းပေါင်း ၃၂၃၃ ခုရှိသည်။ အားသွင်းစခန်းများကို တိုးချဲ့ခြင်းသည် တင်သွင်းလာသော လောင်စာဆီအပေါ်မှီခိုအားထားမှုကို လျှော့ချရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အဖြစ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ် ကြောင်း လျှပ်စစ်ဝန်ကြီး ဌာန၏ညွှန်ကြားရေးမှူးချုပ် Jisman Hutajulu က ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ လောင်စာဆီသုံးစွဲမှုသည် လက်ရှိတွင်တစ်နေ့လျှင် ပျမ်းမျှစည်ပေါင်း ၁.၄ သန်းရှိပြီးပြည်တွင်း ထုတ်လုပ်မှုသည် စည်ပေါင်း ၆၀၀၀၀၀ ခန့်သာရှိသည်။ EV အားသွင်း စခန်းများထပ်တိုးလာခြင်းသည် နိုင်ငံအတွက်တစ်နေ့လျှင် စည်ပေါင်း ၆၆၀၀၀ အထိသက်သာ စေရန်မျှော်လင့်ထားသည်။
EV များနှင့် အားသွင်းအခြေခံ အဆောက်အအုံများကို တိုးမြင့်အသုံးပြုခြင်းသည် စီးပွားရေး အကျိုးအမြတ်များပေးသည့်အပြင် နှစ်စဉ်ဥCO2 ဓာတ်ငွေ့ထုတ်လွှတ်မှုကို တန်ချိန်တစ်သန်းအထိ လျှော့ချနိုင်မည်ဟု ခန့်မှန်းထားကြောင်း Jisman ကပြောကြားခဲ့သည်။
DOCA(ရန်ကုန်)