
ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးက အမေရိကန်အား ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေး ဆက်နွယ်မှုအားကောင်းရန်နှင့် နိုင်ငံအား အမေရိကန်၏ထောက်ပံ့မှုကွင်းဆက်၏ အရေးပါသော အစိတ်အပိုင်းနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုအချက်အချာအဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ၎င်း၏ အမေရိကန်သို့ ဖေဖော်ဝါရီလ ၄-၈ ထိလည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း စီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan က အမေရိကန်အား ထိုင်းနိုင်ငံကို အဓိကအားဖြင့် ဆီမီးကွန်ဒတ်တာနှင့် Printed circuit board အစရှိသည့် နည်းပညာ နယ်ပယ်တွင် အမေရိကန်၏ ထောက်ပံ့မှုကွင်းဆက်၏ အစိတ်အပိုင်း တစ်ခုဖြစ်လာရေးနှင့် ဒေသတွင်းကျန်းမာရေးဝန်ဆောင်မှု အချက်အခြာဖြစ်လာရေး ပံပိုးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရပါသည်။ ထို့ပြင် ဝန်ကြီးက နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆက်နွယ်မှု ဆက်လက်ထိန်းသိမ်းရန် အမေရိကန်မှ မူဝါဒအဆင့်ပံ့ပိုးမှုကိုလည်း တောင်းဆိုခဲ့ ကြောင်း သိရပါသည်။ ခရီးစဉ်အတွင် ဝန်ကြီးသည် အမေရိကန် ကွန်ဂရက်အဖွဲ့ဝင်များနှင့် အကြီးတန်းအစိုးရတာဝန် ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးမှုများ သည် ထိုင်းနိုင်ငံက အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ အဓိကမိတ်ဖက်အခန်းကဏ္ဍ ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ လတ်တလောလက်မှတ်ရေးထိုးထားသည့် ထိုင်း-EFTA လွတ်လပ်သော ကုန်သွယ်ရေးသဘော တူညီချက်နှင့် ဆွေးနွေးလျှက်ရှိသည့် ကုန်သွယ်ရေး သဘောတူညီ ချက်များကိုပြသရာစင်မြင့်ဖြစ်ခဲ့ ကြောင်းသိရပါသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုများသည် ကမ္ဘာ့ဈေးကွက်များတွင် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ထိုင်းနိုင်ငံ၏စွမ်းအင်အခြေခံ အဆောက်အအုံသည် ဒေတာစင်တာများနှင့် AI အစရှိသည့် ကဏ္ဍများအတွက် ကောင်းမွန်စွာ သင့်လျှော်မှုရှိပြီး Google၊ Microsoft နှင့် Amazon တို့ကဲ့သို့သော အဓိကအမေရိကန်လုပ်ငန်းများ ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဝန်ကြီးသည် အမေရိကန်ကုန်သည်များအသင်းနှင့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီမှတစ်ဆင့် အမေရိကန်စီးပွားရေး လုပ်ငန်းများနှင့် လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ထိုင်းအစိုးရသည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဖန်တီးပေးရန်နှင့် ကမ္ဘာ့လုံးဆိုင်ရာရင်းနှီးမြှုပ်နှံ သူများကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရာအခြေစိုက်များတည်ထောင်ရန် ဆွဲဆောင်ရေးကို ဦးစားပေး ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးက အမေရိကန်လုပ်ငန်းများအား ထိုင်းနိုင်ငံတွင် ဆေးဝါး၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် စိုက်ပျိုးရေးအစားအစာအစရှိသည့် အဓိကစက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)