Pizza Company က ထိုင်းနိုင်ငံတွင် ဘတ် သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည်

Powered by Drupal

Minor Food Group Plc ၏ လုပ်ငန်းခွဲဖြစ်သည့် The Pizza Company သည် ထိုင်းနိုင်ငံတွင်ဆိုင်ခွဲသစ်များဖွင့်လှစ်ရန်နှင့် တည်ရှိပြီးဆိုင်များအား ပြင်ဆင်မှုပြုလုပ်ရန် အတွက် ဘတ်သန်း ၃၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရပါသည်။ အသေးစား စီးပွားရေးအခြေအနေခက်ခဲလာမှု၊ ကုန်ကျစရိတ်မြင့်မားလာမှုနှင့် ပြင်းထန်သောစီးပွားရေး ယှဉ်ပြိုင်မှုတို့က ယခုနှစ်တွင် စားသောက်ဆိုင်လုပ်ငန်းအတွက် စိန်ခေါ်မှုများဖြစ်နေကြောင်း Minor Food Group ၏ Chief Operating Officer ဖြစ်သူ Anupon Nitiyanant က ပြောကြားခဲ့ပါသည်။ အစိုးရသည်လည်း အနိမ့်ဆုံးတစ်နေ့တာလုပ်အားခကို ဇန်နဝါရီလ ၁ ရက်နေ့က ၇ ဘတ်မှ ၅၅ ဘတ်အထိမြှင့်တင်ခဲ့ကြောင်း သိရပါသည်။ Mr Anupon က ၎င်းတို့ သည် ဝန်ထမ်းများကို ဆက်လက်ထိန်းသိမ်းရန် တရားဝင်အနိမ့်ဆုံးလုပ်အားခထက် ပိုမိုမြင့်မားစွာ ပေးချေကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် စားသောက်ဆိုင်လုပ်ငန်းတစ်ခု လုံးသည် နို့ထွက်ကုန်နှင့် သစ်သီးများ အစရှိသည့် ကုန်ကြမ်းပစ္စည်းများအတွက် ဈေးနှုန်း မြင့်တက်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထိုစိန်ခေါ်မှုများကိုကျော်လွှားရန် ကုမ္ပဏီ သည် ကုန်ကျစရိတ်စီမံခန့်ခွဲရန်နှင့် ကုန်ကျစရိတ်များကိုထိန်းချုပ်ရန် လိုအပ်ကြောင်း သိရ ပါသည်။ များစွာ‌သောတရုတ်စားသောက်ဆိုင်လုပ်ငန်းများပါဝင်သည့် စားသောက်ဆိုင်အသစ် များ ဝင်ရောက်လာမှုနှင့်အတူ လုပ်ငန်းနယ်ပယ်သည် ယခုနှစ်တွင် ပြင်းထန်သောယှဉ်ပြိုင်မှု များနှင့် ရင်ဆိုင်ရန်မျှော်လင့်ရကြောင်း သိရပါသည်။ Pizza Company ၏ အထွေထွေ မန်နေဂျာဖြစ်သူ Patt Pongwittayapipat က ကုမ္ပဏီသည် ယခုနှစ်တွင် ဘတ်သန်း ၂၀၀ ရင်းနှီးမြှုပ်နှံ၍ ဆိုင်သစ် ၂၀ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် တွင် ဆိုင်သစ် ၁၀ ဆိုင်ထပ်မံဖွင့်လှစ်ခဲ့မှုနှင့်အတူ ကုမ္ပဏီသည် လတ်တလောတွင် နိုင်ငံ တစ်ဝှမ်း ဆိုင်ပေါင်း ၄၃၀ ဖြင့် လည်ပတ်နေကြောင်း သိရပါသည်။ လတ်တလောတွင် Delivery ဖြင့်မှာယူမှုများသည် ကုမ္ပဏီ၏ရောင်းချရမှု၏ ၅၀ ရာခိုင်နှုန်းရှိပြီး ဆိုင်ထိုင် စားသောက်မှုနှင့် ကိုယ်တိုင်ဝယ်ယူမှုများမှာ ၃၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းအသီးသီး ရှိကြောင်း သိရပါသည်။ Mr Patt ကဆိုင်သစ်များသည် ဖြန့်ဖြူးရေးနေရာများအနေဖြင့် ဖြန့်ဖြူးမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်ဟု မှတ်ချက်ပြုခဲ့ပါသည်။ ထို့ပြင် ကုမ္ပဏီသည် ယခုနှစ်တွင် ဖွင့်လှစ်ထားပြီးဖြစ်သည့် ဆိုင် ၈၀ မှ ၁၀၀ ထိကို ဘတ်ဂျက် ဘတ် သန်း ၁၀၀ အသုံးပြု၍ ပြင်ဆင်သွားမည်ဟု သိရပါသည်။ ထို့ပြင် ကုမ္ပဏီသည် ဘတ်သန်း ၃၀၀ ကို အရောင်းမြှင့်တင်ခြင်းဆောင်ရွက်မှုများတွင် အသုံးပြသွားရန် စီစဉ်ထားကြောင်း သိရပါသည်။ ခရီးသွားကဏ္ဍပြန်လည်နာလံထူလာမှုက ကုမ္ပဏီ၏ရောင်းအားကို အရှိန်မြှင့်ပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ Mr Patt ကကုမ္ပဏီသည် ယခုနှစ်အတွက် ရောင်းအားကို ယခင်နှစ်ကထက်  ၁၀ ရာခိုင်နှုန်း ကြီးထွားရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

DOCA(ရန်ကုန်)