
ကျောက်ဖရုံသီးကို နေရာဒေသမရွေး စိုက်ပျိုးကြပါသည်။ ယခင်က ချက်ပြုတ်စားသောက်ရန် အတွက်သာ တနိုင်တပိုင်စိုက်ပျိုးခဲ့ကြပြီး ယခုအခါ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ ကျောက်ဖရုံယိုလုပ်ငန်းမှာလည်း ဈေးကွက်ဝင်စားသောက်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောက်ဖရုံသီးကို စီးပွားဖြစ်ဧကလိုက် စိုက်ပျိုးလာကြပြီးဖြစ်ပါသည်။ ကျောက်ဖရုံသီးကို တန်ခူး၊ ကဆုန်မိုးဦးကျကာလတွင် စိုက်ပျိုးကြပြီး မိုးတွင်းတတွင်းလုံး အပင်ဖြစ်ထွန်းပြီး အသီးအမှည့်များ ဝေဝေဆာဆာဖြစ်ထွန်းကာ တော်သလင်း၊ သီတင်းကျွတ်တွင်အသီးများခူးဆွတ်ရပါသည်။ ကျောက်ဖရုံ သီးကို အလှူ၊ မင်္ဂလာဆောင်၊ စတုဒီသာ ကျွေးမွေးဧည့်ခံပွဲများတွင် ဝက်သားနှင့် ကျောက်ဖရုံဝက် သပြွန်းဟင်း၊ ကြက်သားနှင့် ကျောက်ဖရုံကြက်သပြွန်းဟင်းချက်၍ အချဉ်သုပ်၊ ငရုတ်သီးကြော်ဖြင့် တည်ခင်းကျွေးမွေးကြပါသည်။ အလွန်ထမင်းမြိန်သော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ကျောက်ဖရုံယို ပြုလုပ်ရာတွင် ကျောက်ဖရုံသီး၊ သကြားအဓိကပါဝင်ပြီး အရင်းအနှီးကုန်ကျစရိတ်နည်းသောကြောင့် မိသားစုတနိုင်တပိုင်သော်လည်း ကောင်း၊စီးပွားဖြစ်သော်လည်ကောင်း နေရာအနှံ့အပြားထုတ်လုပ် ရောင်းချလျက်ရှိပြီး တံဆိပ်အမျိုးမျိုးဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း၌ ကျောက်ဖရုံသီးတစ်လုံးလျှင် အလုံးအရွယ်အစားအကြီးအသေး ပေါ်မူတည်၍ (၁၅၀၀)မှ(၆၀၀၀)ထိ ရောင်းချလျက်ရှိပြီး အစိတ်ကလေးများစိတ်ကာတစ်စိတ်(၅၀၀)မှ(၁၀၀၀)ဖြင့် လည်းကောင်း၊ ကျောက်ဖရုံသီးတစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့်လည်းကောင်း ရောင်းချ လျက်ရှိကြောင်း ဈေးကွက်အတွင်းမှသိရှိရပါသည်။
DOCA(မန္တလေး)